ငွေသားလုံခြုံမှုအာမခံ

နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းများသည် မိမိလက်ဝယ်ရှိငွေများကို လုပ်ငန်းတည်ရှိရာ နေရာတွင် သိမ်းဆည်းထားစဉ် ဖောက်ထွင်းခိုယူခံရခြင်း၊ လက်နက်ဖြင့်ခြိမ်းခြောက်၍ လုယူခံရခြင်း အန္တရာယ်မှ အကာအကွယ်ပေးပါသည်။

  • အာမခံသက်တမ်းကို (၁)ရက်မှ (၁)နှစ်အထိ ထားရှိနိုင်ပါသည်။
  • သိမ်းဆည်းမည့် ငွေပမာဏအလျောက် ထားရှိနိုင်ပါသည်။
  • အစိုးရဌာနများ၊ ပုဂ္ဂလိကဘဏ်များလျှင် အမြင့်ဆုံးပရီမီယံ (၀.၅)%မှ အနိမ့်ဆုံး ပရီမီယံ (၀.၂၀)%အထိ ပုဂ္ဂလိကလုပ်ငန်းများအတွက် ပုံသေ (၁)%
  • ပရီမီယံနှုန်း သတ်မှတ်ရာတွင် နယ်မြေ‌ဒေသလုံခြုံမှု၊ အဆောက်အဦးပတ်ဝန်းကျင်လုံခြုံမှု၊ ငွေသိုလှောင်ခန်း လုံခြုံမှု နှင့် လက်နက်ကိုင်အစောင့်များ ထားရှိမှု စသည့်အချက်အလက်များကို ထည့်သွင်းစဉ်းစားရပါမည်။
  • ဆုံးရှုံးမှုဖြစ်ပွားသည့်အခါ အာမခံထားငွေထက် မပိုသော ဆုံးရှုံးမှုတန်ဖိုးကို ပေးလျော်ပါသည်။

ငွေပို့ငွေသယ်အာမခံ

နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းများသည် မိမိလက်ဝယ်ရှိ ငွေသားများကို တစ်နေရာမှ တစ်နေရာ သို့ သယ်ဆောင်စဉ်အတွင်း လုယက်ခံရခြင်းနှင့် ခိုးယူခံရခြင်းများ‌ကြောင့် ဆုံးရှုံးသွားသော ငွေများကို ပြန်လည်ရရှိနိုင်ပါသည်။

  • အာမခံသက်တမ်းကို (၁)ရက်မှ (၁)နှစ်အထိ ထားရှိနိုင်ပါသည်။
  • တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်သည့် ငွေပမာဏအလျောက် ထားရှိနိုင်ပါသည်။
  • သယ်ယူမည့် ခရီးအကွာအဝေးပေါ်မူတည်၍တွင် ကျသင့်နှုန်း အနိမ့်ဆုံး (၀.၂၇%)မှ အမြင့်ဆုံး(၀.၉၀%) အထိ ကျသင့်မည်ဖြစ်ပါသည်။
  • အထက်ဖော်ပြပါအာမခံလုပ်ငန်းများအတွက်ဆုံးရှုံးမှုပေါ်ပေါက်ပါကEFIသို့ချက်ချင်းအကြောင်းကြားရပါ မည်။

အလုံးစုံမော်တော်ယာဉ်အာမခံ

မော်တော်ယာဉ်ထိခိုက်မှုကြောင့် ဖြစ်ပေါ်တတ်သော မော်တော်ယာဉ်ပျက်စီးခြင်း၊ လူနှင့် သူတစ်ပါးပိုင် ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများကို ငွေကြေး အထောက်အပံ့ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။

  • ကိုယ်ပိုင်ယာဉ် (အိမ်သုံး၊ လူစီး)
  • အငှားယာဉ် (လုပ်ငန်းသုံး၊ ကုမ္ပဏီသုံး၊ ရုံးသုံး၊ တည်ဆောက်ရေးလုပ်ငန်းသုံး၊ စက်ရုံ/အလုပ်ရုံသုံး၊ ကုန်တင်ယာဉ်၊ ဝန်ချီစက်၊ ဝန်တင်စက်များ၊ မြေတူးစက်၊ မြေညှိစက်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ ဘာသာရေးဆိုင်ရာယာဉ်များ)
  • ယာဉ်ပိုင်ရှင် (သို့) ယာဉ်ကို တာဝန်ယူကြီးကြပ်သူမှ အာမခံထားရှိနိုင်ပါသည်။
  • ကိုယ်ပိုင်ယာဉ်များနှင့် (၂)တန်အောက် မော်တော်ယာဉ်များအတွက် (၃) လ၊ (၆)လ၊ (၉)လနှင့် (၁)နှစ်ထိ ထားရှိနိုင်ပါသည်။
  • (၂)တန်အထက် မော်တော်ယာဉ်အားလုံး( ၁)နှစ် သက်တမ်း ထားရှိရမည်ဖြစ်ပါသည်။
  • အာမခံထားမည့်ယာဉ်တန်ဘိုးဖြစ်ပါသည်။
  • ယာဉ်အသစ်အတွက် အဝယ်ပြေစာ (Invoice Value)
  • ယာဉ်အဟောင်းအတွက် ကာလပေါက်ဈေး (Market Value)
  • ကာလပေါက်ဈေးမသိပါက ညှိနှိုင်းတန်ဘိုး (Agreed Value)
  • ကာလပေါက်ဈေးထက်နည်းလွန်းခြင်း များလွန်းခြင်း မဖြစ်စေရပါ။
  • အာမခံထားငွေပေါ်တွင်မူတည်၍ အနိမ့်ဆုံး ၁% မှ အမြင့်ဆုံး၂%ကို အောက်ပါတို့အပေါ် မူတည်၍ ပရီယံကြေးကို ကောက်ခံမည်ဖြစ်ပါသည်။
  • ယာဉ်အသုံးပြုပုံ
  • ယဉ်တန်ဖိုး
  • အင်ဂျင်ပါဝါ
  • လူစီးဦးရေ/တန်ချိန်

မီးအာမခံ

မီးနှင့် အခြားဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးပါက၊ ၎င်းဆုံးရှုံးမှုကို ပြန်လည်ထူထောင်ရာတွင် ငွေကြေးအထောက်အကူ ရရှိစေရန်ဖြစ်ပါသည်။

  • အဆောက်အဦး
  • စက်ပစ္စည်းများ
  • ပရိဘောဂများ
  • ကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများ
  • အနည်းဆုံး (၁၀)ရက်မှ (၁)နှစ် အထိ ထားရှိနိုင်ပါသည်။
  • မီးလောင်ကျွမ်းမှု (ကူးဆက်မီး၊ ပေါ့ဆမီး၊ ဝါယာရှော့)
  • အဆောက်အဦးအတန်းအစား၊ အသုံးပြုပုံနှင့် ပတ်ဝန်းကျင်အဆောက်အဦးများ၏ အတန်းအစား အသုံးပြုပုံ မှုတည်၍ သတ်မှတ်ထားသောနှုန်းဇယားအရ ကောက်ခံပါသည်။ ခန့်မှန်းပရီမီယံနှုန်းမှာ အနိမ့်ဆုံးနှုန်း (၀.၁၄%)မှ အမြင့်ဆုံး(၃.၅၀%) ဖြစ်ပါသည်။

 

အဓိကရုဏ်း၊ သပိတ်နှင့် မသမာဖျက်စီးမှု 0.06%
လေယာဉ်ဖြင့်ထိခိုက်ပျက်စီခြင်း 0.1%
ကုန်းလမ်းသွားယာဉ်ဖြင့် ထိခိုက်ပျက်စီးခြင်း 0.1%
မြေကျွံ၊ မြေပြိုခြင်း 0.1%
မြေငလျင်မီးနှင့် ပြိုအက်ပျက်စီးခြင်း 0.1%
ပေါက်ကွဲပျက်စီးခြင်း 0.1%
ရေကြီး၊ ရေလျှံခြင်း 0.1%
စစ်မက်ဘေးအန္တရာယ် 0.1%
လေပြင်းမုန်တိုင်းအမျိုးမျိူး 0.2% to 0.25%
အလိုအလျောက်မီးစွဲလောင်ခြင်း 0.08%
ဖောက်ထွင်းခိုးယူခြင်း 0.25% to 1%

ဖောက်ထွင်းခိုးယူမှုတွင် အဆောက်အဦးအတန်းအစား ခွဲခြားထားပြီး မီးအာမခံနှင့် တွဲဖက်ထားရှိပါက ကျသင့် ပရီမီယံပေါ်မှ (၁၀%)လျော့ပေးပါသည်။

  • ပထမနှစ်အတွင်း လျော်ကြေးတောင်းခံမှု မရှိခဲ့ပါလျှင် ဒုတိယနှစ်သက်တမ်း ဆက်ထားရှိပါက ပထမနှစ်ပရီမီယံကြေး၏ (25%)ကို လျော်ကြေးမဲ့ဆု အဖြစ်လျော့ပေးပါသည်။
  • မီးလောင်ဆုံးရှုံးခြင်း (သို့) မိမိဝယ်ယူထားရှိသော အပိုအကာအကွယ်တမျိုးမျိုးကြောင့် ဆုံးရှုံးမှုပေါ်ပေါက်ခဲ့လျှင် ချက်ခြင်းအကြောင်းကြား၍ ဓါတ်ပုံမှတ်တမ်းရိုက်ယူထားပါ။ ကုမ္ပဏီ၏ မျက်မြင်စစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးပြီး လျော်ကြေးငွေကို တောင်းခံနိုင်ပါသည်။

ရေယာဉ်ကုန်ပစ္စည်းအာမခံ

အာမခံထားသည့် ကုန်ပစ္စည်းများသယ်ယူတင်ဆောင်လာသော ရေယာဉ်၊ မော်တော်ယာဉ်ခရီးစဉ်အတွင်း ကုန်ပစ္စည်းများ ဆုံးရှုံးပျက်စီးသွားပါက ဆုံးရှုံးသွားသော ကုန်ပစ္စည်းတန်ဖိုးအား လျော်ကြေးအဖြစ် ပေးလျော်ပါသည်။ အဓိကအားဖြင့် ဆုံးရှုံးမှုများဖြစ်ပေါ်လျှင် ငွေကြေးထောက်ပံ့၍ ကူညီဆောင်ရွက်ပေးပါသည်။

  • ခရီးတစ်ခေါက် (ခရီးစဉ်အစ မှ အရီးစဉ်အဆုံးအထိ)

အာမခံထားငွေစုစုပေါင်း = ကုန်ပစ္စည်းတန်ဖိုး + အာမခံပရီမီယံ + သယ်ယူပို့ဆောင်စရိတ်/အလုပ်သမားခ + အာမခံထားငွေ၏အပေါ်တွင်အမြတ် ၁၀ %

  • အာမခံထားသော ကုန်ပစ္စည်းများ လုံးဝပျက်စီးဆုံးရုံးမှု မှသာ အကာအကွယ်ပေးပါသည်။
  • အာမခံထားသော ကုန်ပစ္စည်းများ တင်ဆောင်လာသော ရေယာဉ်သည်၊ သဘာဝဘေးအန္တရာယ် ကြောင့်ပျက်စီးခြင်း ၊ မတော်တဆထိခိုက်မှုဖြစ်ခြင်း၊ ပေါက်ကွဲခြင်း၊ ရေယာဉ်သောင်တင်ခြင်း၊ ရေယာဉ် တိမ်းမှောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော ကုန်ပစ္စည်းဆုံးရူံးမှု အတွက် အကာအကွယ်ပေးပါသည်။
  • ဆုံးရူံးမှုဖြစ်ပေါ်သည့်အခါတွင် ဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်မှုကြောင့် ကုန်ကျစရိတ်နှင့် အလုပ်သမားခ ကို ပေးလျော်ရန် ကုမ္ပဏီမှ တာဝန်ယူပါသည်။

ပရီမီယံများကို တစ်လုံးတစ်ခဲတည်း ပေးသွင်းရမည်ဖြစ်ပါသည်။

ပရီမီယံနူန်းထားများသည် ရေယာဉ်ကိုယ်ထည် အမျိုးအစား၊ ရာသီဉတု၊ နေရာဒေသ ပေါ်တွင်မူတည်ပါသည်။

ရေယာဉ်ကုန်ပစ္စည်းများ အတွက် ပရီမီယံများကို အောက်ပါဇယား အတိုင်းတွက်ချက်ပါမည်။ (စုစုပေါင်းအာမခံထားငွေ ၏ ရာခိုင်နူန်း)

နေရာဒေသ ရာသီဉတု % နူန်းထား
မြစ်တွင်း၊ချောင်းတွင်း နွေရာသီ/မိုးရာသီ/ဆောင်းရာသီ 0.14%
ကမ်းရိုးတန်း နွေရာသီ 0.28%
ကမ်းရိုးတန်း မိုးရာသီ 0.56%

ရေနံ, ဓါတ်ဆီ, ဒီဇယ် နှင့် ဓါတ်ငွေများ သယ်ယူပို့ဆောင်မှုအတွက် ပရီမီယံများကို အောက်ပါဇယား အတိုင်းတွက်ချက်ပါမည်။ (စုစုပေါင်းအာမခံထားငွေ ၏ ရာခိုင်နူန်း)

နေရာဒေသ ရာသီဉတု % နူန်းထား
ကမ်းရိုးတန်း နွေရာသီ 0.28%
ကမ်းရိုးတန်း မိုးရာသီ 0.84%
  1. အာမခံထားသူ၏ အမည်နှင့် နေရပ်လိပ်စာ
  2. ရေယာဉ် ကုန်ပစ္စည်းတန်ဖိုး၊ စုစုပေါင်းအာမခံတန်ဖိုး
  3. ကုန်ပစ္စည်းများ စာရင်း
  4. သယ်ယူပို့ဆောင်မှု အမျိုးအစား
  5. ပို့ဆောင်သည့်ယာဉ်အမျိုးအစား

ယာဉ်လိုင်စင်မိတ္တူ၊ ကုန်ပစ္စည်းပို့ဆောင်ခွင့်လိုင်စင်မိတ္တူ များလည်းလိုအပ်ပါသည်။

အာမခံထားသူမှ ဆိပ်ကမ်းမှ မထွက်ခွာမည်ရက်အနည်းငယ်အတွင်း ကုမ္ပဏီသို့ အကြောင်းကြားရပါမည်။

  • ဆုံးရူံးမှု ဖြစ်ပေါ်သည့်အခါတွင် အာမခံထားသူမှ ကုမ္ပဏီသို့ဖြစ်စေ ၊ အေးဂျင့်သို့ဖြစ်စေ ဖုန်းဖြင့်တိုက်ရိုက် အမြန်ဆုံးအကြောင်းကြားရပါမည်။
  • ကုမ္ပဏီဝန်ထမ်းများမှ အဖြစ်အပျက်များကို စစ်ဆေး၍ အာမခံထားသူကို လျော်ကြေးဆောင်ရွက်မှုနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးပါမည်။

ရေယာဉ်ကိုယ်ထည်အာမခံ

ရေယာဉ်များ၏ ကိုယ်ထည်သာမက စက်ကိရိယာများ ပျက်စီးဆုံးရှုံးမှုအတွက် အကာအကွယ် ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။

  • သစ်သားကိုယ်ထည်
  • သံကိုယ်ထည်
အချိန်ပိုင်းအာမခံ
  • ခရီးစဉ်အစအဆုံး
  • ပရီမီယံစတင်ပေးသွင်းသည့်နေ့တွင် အာမခံစတင်ပါသည်။
  • ခရီတစ်ခေါက်ကြာချိန်(အများဆုံး ၁ နှစ်)
ခရီးတစ်ခေါက်အာမခံ
  • အာမခံထားသည့်သင်္ဘော မူလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် အာမခံစတင်ပါသည်။
  • အာမခံထားသည့်သင်္ဘော ခရီးဆုံးဆိပ်ကမ်းသို့ ရောက်ရှိချိန် အာမခံသက်တမ်းကုန်ဆုံး ပါသည်။
အလုံးစုံအန္တရာယ်အကာအကွယ်
သံကိုယ်ထည်
ခရီးအမျိုးအစား တင်ဆောင်သည့်ကုန်ပစ္စည်း ပရီမီယံနှုန်း
မြစ်တွင်းသွား အထွေထွေကုန်တင် 2.00%
လောင်စာဆီတင် 2.60%
ကမ်းရိုးတန်းသွား အထွေထွေကုန်တင် 2.40%
လောင်စာဆီတင် 3.00%
လုံးဝဆုံးရှုံးမှုအကာအကွယ်

သံကိုယ်ထည်

ခရီးအမျိုးအစား တင်ဆောင်သည့်ကုန်ပစ္စည်း ပရီမီယံနှုန်း
မြစ်တွင်းသွား အထွေထွေကုန်တင် 1.00%
လောင်စာဆီတင် 1.20%
ကမ်းရိုးတန်းသွား အထွေထွေကုန်တင် 1.40%
လောင်စာဆီတင် 1.65%
သစ်သားကိုယ်ထည်
ခရီးအမျိုးအစား တင်ဆောင်သည့်ကုန်ပစ္စည်း

ပရီမီယံနှုန်း
မြစ်တွင်းသွား အထွေထွေကုန်တင် 1.40%
လောင်စာဆီတင် လက်မခံပါ
ကမ်းရိုးတန်းသွား အထွေထွေကုန်တင် 1.40%
လောင်စာဆီတင် 2.00%
  • ဆုံးရှုံးမှုပေါ်ပေါက်ပါက EFIရုံးသို့ချက်ခြင်းအကြောင်းကြားရပါမည်။

သမာဓိအာမခံ

နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ငွေကြေးကိုတာဝန်ယူ ထိန်းသိမ်းရန်၊ တာဝန်ပေးအပ်ခြင်း ခံရသူကြောင့် ငွေကြေးပျောက်ဆုံးခြင်း၊ အလွဲသုံးစားပြုခံရခြင်းများ ပေါ်ပေါက်ပါက နစ်နာဆုံးရှုံးမှုများကို လျော်ကြေးပြန်လည်ရရှိနိုင်သော အာမခံအမျိုးအစားဖြစ်ပါသည်။

  • အာမခံသက်တမ်းမှာ (၁)နှစ် ဖြစ်ပါသည်။
  • လုပ်ငန်းပိုင်ရှင်များ (သို့) ရာထူးအဆင့်အလိုက် အရာရှိများက ထားရှိနိုင်ပါသည်။
  • ငွေကြေးကိုင်ဆောင်သူ၊ တာဝန်ယူထိန်းသိမ်းရသည့် ငွေကြေးပမာဏအလိုက် အာမခံထားနိုင်ပါသည်။


အာမခံထားငွေ ကျပ်(၁၀၀)လျှင်၊ တစ်နှစ်အတွက် အောက်ပါအတိုင်းကောက်ခံပါသည်။

  • အစိုးရ၊ ပုဂ္ဂလိက(ဘဏ်) – (၁)ကျပ်နှုန်း
  • သမဝါယမ၊ ပုဂ္ဂလိကလုပ်ငန်း – (၂)ကျပ်နှုန်း
  • ငွေကြေးဆုံးရှုံးမှုဖြစ်ပွားသည့်အခါ ဆုံးရှုံးသည့် ပမာဏကို ပေးလျော်ပါသည်။ *(အာမခံထားငွေထက်မကျော်ရပါ။)

ကုန်းတွင်းပိုင်းအာမခံ

ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်စဉ် သဘာဝဘေးအန္တရာယ်များ၊ ထိခိုက်မှုများ၊ မီးလောင်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရင်းစားပြန်လည်ရရှိစေရန် အကာအကွယ် ပေးပါသည်။ ဤအာမခံသည် ခရီးစဉ်(Voyage) တစ်ခုခြင်းအတွက်သာ ထားရှိရသော အာမခံအမျိုးအစား ဖြစ်ပါသည်။

  • သယ်ယူသည့်ကုန်ပစ္စည်းတန်ဘိုး(ကုန်ပစ္စည်းတန်ဘိုးပေါ်တွင်၁၀% အပိုဆောင်း၍ ထားနိုင်ပါသည်။)
  • ကုန်ပစ္စည်းလုံးဝပျက်စီးဆုံးရှုံးမှု( Total Loss )
  • ရေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းအတွက် အာမခံတန်ဘိုး၏(၀.၁၄% – ၀.၈၄%)
  • မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းအတွက် အာမခံတန်ဘိုး၏ (၀.၁၄% – ၀.၈၄%)
  • ရေယာဉ်ဖြင့်သယ်ယူပို့ဆောင်ရာတွင် ဆိပ်ကမ်းရက်လွန်ခြင်းအတွက် အခြေခံပရီမီယံ၏ (၂၀%)အပိုထပ်ဆောင်း၍ အကာအကွယ် ဝယ်ယူနိုင်ပါသည်။
  • သယ်ဆောင်သည့်ယာဉ် မတော်တဆမီးလောင်းခြင်း၊ စက်ချို့ယွင်းခြင်း၊ စက်တပ်ယာဉ်ထိခိုက်မှု ဖြစ်ခြင်း၊ တစ်စုံတစ်ရာနှင့်တိုက်မိခြင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခြင်း၊ ရေယာဉ်နစ်မြုပ်ခြင်း တို့ကြောင့် တိုက်ရိုက်ပေါ်ပေါက်သော ကုန်ပစ္စည်းများ လုံးဝပျက်စီးမှုများအတွက် လျော်ကြေးရရှိနိုင် ပါသည်။
  • အာမခံထားရှိလိုပါက EFIGရုံးချုပ်သို့လည်းကောင်း၊ EFIGနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိသော အာမခံကိုယ်စားလှယ်များသို့လည်းကောင်း ဆက်သွယ်၍ အာမခံထားရှိနိုင်ပါသည်။
  • သတ်မှတ်စည်းကမ်းများနှင့် မညီညွတ်သော ပျက်စီးဆုံးရှုံးမှုများ
  • သတ်မှတ်ထားသောအလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ
  • ခရီးစဉ်စတင်မထွက်ခွာမှီနှင့် ခရီးဆုံးသို့ ရောက်ရှိပြီးနောက်ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများ
  • အကြောင်းတစ်စုံတစ်ရာကြောင့်ခရီးစဉ် နှောင့်နှေးကြန့်ကြာသဖြင့် ကုန်ပစ္စည်းများ ပုပ်သိုးယိုယွင်း ခြင်းနှင့် ပစ္စည်း၏ ပင်ကိုသဘာဝအရ ပျက်စီးဆုံးရှုံးမှုများနှင့်
  • သတ်မှတ်ထားသော ရေယာဉ်လိုင်စင်၊ ကားလိုင်စင်များမရှိခြင်းနှင့် သက်တမ်းကုန်ဆုံးနေခြင်းများကို အာမခံအကာအကွယ်ပေးမည်မဟုတ်ပါ။