အာမခံ ဆိုသည်မှာ ဆုံးရှုံးမှုကို ငွေရေးကြေးရေးနည်းဖြင့် ကုစားရန် စနစ်တကျ စီစဉ်ဆောင်ရွက်ထားသော နည်းစနစ်တစ်ခုပင်ဖြစ်သည်။

A

အထွေထွေအာမခံဆိုသည်မှာ မိမိတို့တန်ဖိုးထားရသော အရာဝတ္ထုပစ္စည်းများ (အိမ်နှင့်ပစ္စည်း၊ မော်တော်ယာဉ်များ) သည် မီးဘေးအန္တရာယ်၊ ရေကြီးမှုများ၊ မုန်တိုင်းများ၊ ငလျင်များ၊ အခိုးခံရမှုများ၊ ကားမတော်တဆထိခိုက်မှုများ၊ ခရီးသွားရင်းမတော်တဆထိခိုက်မှုများကြောင့် ငွေကြေးအရဆုံးရူံးမှုများဖြစ်ပေါ်နိုင်ပါသည်။အဆိုပါဆုံးရူံးမှုများကိုကာကွယ်ရန်နှင့်မတော်တဆ ထိခိုက်မှုများကြောင့်ဆေးရုံတက်ရလျှင်သော်လည်ကောင်း၊တရားရေးအရရင်ဆိုင်ရလျှင် သော်လည်ကောင်း ငွေကြေးအရကူညီထောက်ပံ့ပေးသောစနစ်တခုဖြစ်ပါသည်။

A

Excellent Fortune General Insurance Co.,Ltd မှ လုပ်ကိုင်နေသောအထွေထွေအာမခံအမျိူးအစားများတွင်
– သမာဓိအာမခံ
– ရေကြောင်းကုန်ပစ္စည်းအာမခံ
– ရေယာဉ်ကိုယ်ထည်အာမခံ
– ပြည်ပရေကြောင်းပို့ကုန်အာမခံ
– မီးအာမခံ
– အလုံးစုံမော်တော်ယာဉ်အာမခံ
– ငွေပို့ငွေသယ်အာမခံ
– ငွေသားလုံခြုံမှုအာမခံစသည့်အာမခံအမျိုးအစားများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

A

ကြိုတင်မမျှော်မှန်းနိုင်သောမတော်တဆမှုများကြောင့် ယာဉ်၏ပျက်စီးဆုံးဆုံးရှုံးမှုများအား အကာအကွယ်ပေးသောအာမခံအမျိုးအစားဖြစ်သည်။ ယာဉ်မတော်တဆမှုကြောင့်ဖြစ်သောအာမခံထားသည့်ယာဉ်၏ပျက်စီးဆုံးရူံးမှုများနှင့် ထိခိုက်ဒဏ်ရာရခြင်းများအပြင် ပျက်စီးသွားသော သူတစ်ပါးယာဉ်ထိခိုက်မှု နှင့် သေဆုံးမှုများအတွက်ပါ အာမခံလျော်ကြေး ပြန်လည်ပေးအပ်မှာ ဖြစ်ပါသည်။

A

ပရီမီယံနူန်းကိုတော့ ယာဉ်တန်ဖိုး၊ ယာဉ်အသုံးပြုပုံ၊ အင်ဂျင်ထုထည်၊သယ်ယူနိုင်သည့်ဝန်အား (Cubic Capacity) များအပေါ်တွင် အခြေခံ၍ သတ်မှတ်မှာဖြစ်ပြီးတော့ ခန့်မှန်းအနေဖြင့် တစ်နှစ်လျှင် ယာဉ်တန်ဖိုးရဲ့ ၁% ကနေ ၂% အတွင်းကျသင့်မှာဖြစ်ပါသည်။ ဉပမာ သိန်း (၁၀၀)တန် ကိုယ်ပိုင်ကားတစ်စီးအတွက် တစ်နှစ်ကို (၁) သိန်း ဝန်းကျင်လောက်ပဲ ကျသင့်မှာဖြစ်ပါသည်။ အာမခံထားသူ တစ်ဉီးထဲမှ တစ်ချိန်ထဲမှာ ယာဉ် (၁၀) စီး ဒါမှမဟုတ် (၁၀)စီးနှင့် အထက်အာမခံထားမည်ဆိုလျှင် အခြေခံ ပရီမီယံ ရဲ့ ၁၀ % လျော့ပေးသွားပါမည်။

A

အလုံးစုံမော်တော်ယာဉ်အာမခံတွင် ကညန မှ တရားဝင်ခွင့်ပြုထားတဲ့ ယာဉ်များ (ကိုယ်ပိုင်၊ အငှား၊ အိမ်သုံး၊ လုပ်ငန်းသုံးယာဉ်အမျိုးမျိုး) အပြင် ဝန်ချီစက်၊ မြေသယ်စက်၊ မြေတူးစက်များ အထိ အာမခံထားနိုင်ပါသည်။

A
  • Owner Book၊ Wheel Tax၊ ယာဉ်မောင်းလိုင်စင်
  • ယာဉ်အဟောင်းဆိုလျှင် (အရောင်းဝယ်စာချုပ်)
  • ယာဉ်အသစ်ဆိုလျှင် (Invoice)
A

လျော်ကြေးအနေနဲ့ကတော့ ပြုပြင်လို့မရလောက်အောင် လုံးဝပျက်စီးသွားတဲ့အခါ လူကြီးမင်းတို့ အာမခံထားသည့်ယာဉ်တန်ဖိုးအတိုင်းပေးလျော်မှာဖြစ်ပြီး တစိတ်တဒေသပျက်စီးမှုတွေကိုတော့ပျက်စီးသွားတဲ့ယာဉ်အစိတ်အပိုင်းအလိုက်ပြုပြင်လဲလှယ်တပ်ဆင်ပေးမှာပဲဖြစ်ပါသည်။

A

သူတစ်ပါးထိခိုက်မှုအတွက်ကိုတော့သေဆုံးမှုအကျိုးခံစားခွင့်အနေဖြင့် ကျပ် (၁၀)သိန်းပေးလျော်မှာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအတွက်ကိုတော့ ပြည်သူ့ဆေးရုံ / ဆရာဝန်၏ဆေးစာအရအချိုးကျပေးလျော်မှာဖြစ်ပါသည်။အာမခံထားသောယာဉ်မတော်တဆမှုများကြောင့် အခြားယာဉ်နှင့်အရာဝတ္ထု ပျက်စီးဆုံးရှုံးမှုများ၏ ပြင်ဆင်စရိတ်များနှင့် ဆုံးရှုံးမှုတန်ဖိုးများ ကိုလည်း ပေးလျော်သွားအုံး မှာဖြစ်ပါသည်။ သူတစ်ပါးထိခိုက်မှုဖြစ်စဉ်တစ်ခုအတွက် အများဆုံးလျော်ကြေး မှာ ကျပ် သိန်း (၅၀၀) ဖြစ်ပါတယ်

A
  • ယာဉ်ထိခိုက်မှု ဖြစ်ပေါ်လာပါက EFI Claim Department – ၀၁-၇၅၂၃၀၉၄ သို့ချက်ချင်း အကြောင်းကြားရပါမည်။
  • ယာဉ်ထိခိုက်မှုဖြစ်သောနေရာမှ မရွေ့မှီ ထိခိုက်မှုဖြစ်စဉ်မြင်ကွင်းနှင့် ထိခိုက်သောအစိတ်အပိုင်း များ အသေးစိတ်အား မှတ်တမ်းတင်ဓာတ်ပုံရိုက်ထားရမည်။
  • ယာဉ်နှစ်စီးနှင့်အထက် (သို့) လူသေဆုံးမှုနှင့် ဒဏ်ရာရရှိပါက ရဲထောက်ခံစာ လိုအပ်ပါသည်။
  • ယာဉ်ထိခိုက်ပျက်စီးမှုအတွက်မိမိ၏သဘောဆန္ဒအရ လျော်ကြေးငွေလက်ခံခြင်း၊ပေးခြင်း မပြုလုပ်ပါနှင့်။
  • တဖက်ယာဉ်နှင့် အချင်းများခြင်းမပြုလုပ်ပါနှင့်။
  • EFI လျော်ကြေးဌာနမှ အကြံပေးချက်များအားလိုက်နာပါ။
A

ပရီမီယံကြေး စတင်ပေးသွင်းသည့်အချိန်မှစ၍ အကျုံးဝင်ပါသည်။

A

Excellent Fortune Insurance ၏ ရုံးချုပ်လိပ်စာမှာ အမှတ် (၁၀၆) တက္ကသိုလ်ရိပ်သာလမ်း (၉) ရပ်ကွက် ကမာရွတ်မြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၇၅၂၃၀၉၄ သို့ဆက်သွယ်နိုင်ပါသည်။

A
  • ပထမဦးစွာ မတော်တဆမှု တစ်ခုခုနှင့် ကြုံတွေ့ပါက Excellent Fortune Insurance ၏ Claim Hotline ဖုန်းနံပါတ် ၀၁-၇၅၂၃၀၉၄ သို့ ချက်ချင်းဆက်သွယ်ရပါမည်။
  • Excellent Fortune Insurance ထံမှ သက်ဆိုင်ရာစစ်ဆေးရေးဌာနသို့ အကြောင်းကြားပြီး အမြန်ဆုံးလာရောက်ပါမည်။
  • စစ်ဆေးရေးအဖွဲ့မှ မတော်တဆမှုဖြစ်ရာနေရာသို့ လာရောက်စိစစ်ပြီး လိုအပ်သော အပျက်အစီး စစ်ဆေးမှုများကို လုပ်ဆောင်ပါမည်။
  • စစ်ဆေးရေးအဖွဲ့မှ လျော်ကြေးအကဲဖြတ်ဌာနသို့ (၂၄)နာရီအတွင်း အကြောင်းကြားပေးမည် ဖြစ်ပါသည်။
  • လိုအပ်သောအချက်အလက်များ ရရှိပြီးနောက် အလုပ်လုပ်ရက် (၅)ရက်အတွင်း လျော်ကြေးငွေပေးချေမှုများ လုပ်ဆောင်ပေးမည် ဖြစ်ပါသည်။
A
  • Excellent Fortune Insurance ၏ Hotline ဖုန်းနံပါတ် ၀၁-၇၅၂၃၀၉၄ သို့ဆက်သွယ်၍ ၀န်ဆောင်မှု ရယူနိုင်ပါသည်။
  • Excellent Fortune Insurance ၏ ၀န်ထမ်းများမှ အာမခံထားသူထံသို့ အာမခံအမျိုးအစားများကို မိတ်ဆက်ရှင်းပြပါမည်။
  • Excellent Fortune Insurance ၏ ၀န်ထမ်းများမှ အာမခံထားသူ၏ လိုအပ်ချက်နှင့် ကိုက်ညီသင့်လျော်မှုရှိသော အာမခံအမျိုးအစားကို အကြံပေးဆွေးနွေးပေးသွားပါမည်။
  • Excellent Fortune Insurance ၏ ၀န်ထမ်းများမှ အာမခံထားသူသိလိုသော အာမခံအမျိုးအစား တစ်ခုချင်းစီ၏အသေးစိတ်အချက်အလက်များနှင့်ပရီမီယံကြေးများကိုတွက်ချက်ဆောင်ရွက်ပေးပါမည်။
  • Excellent Fortune Insurance ၏ ၀န်ထမ်းများမှ အာမခံထားသူသိလိုသော အာမခံအမျိုးအစား တစ်ခုချင်းစီ၏အသေးစိတ်အချက်အလက်များနှင့်ပရီမီယံကြေးများကိုတွက်ချက်ဆောင်ရွက်ပေးပါမည်။
  • ထို့နောက် အာမခံထားသူရွေးချယ်ထားသော အာမခံအမျိုးအစားကို ၀န်ဆောင်မှုပေး၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အသေးစိတ်ထပ်မံ ရှင်းပြပေးသွားပါမည်။
  • Excellent Fortune Insurance ၏ ၀န်ထမ်းများမှ အာမခံထားသူထံတွင် လိုအပ်သောစာရွက်စာတမ်းများ နှင့်အချက်အလက်များကို တောင်းခံပါမည်။
  • Excellent Fortune Insurance ၏ ၀န်ထမ်းများမှ အာမခံထားသူ၏ အချက်အလက်များကို လိုအပ်သော အကဲဖြတ်မှုများနှင့်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင် အာမခံထားသူမှ ပရီမီယံကြေးစတင် ပေးသွင်းရပါမည်။
  • အာမခံထားသူဘက်မှ ပရီမီယံကြေးစတင်ပေးသွင်းသည့်နှင့်တပြိုင်နက် ပေါ်လစီထုတ်ပေးမည်ဖြစ်ပြီး ထိုအချိန်မှစ၍ အာမခံပေါ်လစီစတင် အကျုံးဝင်မည် ဖြစ်ပါသည်။
A

မီးအာမခံထားလျှင် အဆောက်အဉီးအတန်းအစားအသုံးပြုပုံနှင့် အာမခံထားငွေပေါ်တွင် အနည်းဆုံး တစ်နှစ် (၀.၂၀% မှ ၃.၅၀%) ထိကျသင့်မည်ဖြစ်ပါသည်။

A

မီးအာမခံထားလို့ ဝါယာရှော့ဖြစ်လျှင် မီးအာမခံအတွင်းပါဝင်သဖြင့် လျှော်ကြေးရနိုင်ပါသည်။

A

မီးအာမခံနှင့်အတူ ငလျင်အန္တရာယ်အားအပိုအကာအကွယ်အဖြစ် ထပ်ယူထားလျှင် အာမခံလျော်ကြေး ရနိုင်ပါသည်။

A

အဆောက်အဉီးတန်ဖိုးကို ကျွမ်းကျင်သောဝန်ထမ်းများမှ PAE စနစ်ဖြင့် အမှန်တကယ်ကုန်ကျသည့် တန်ဖိုးအတိုင်း တွက်ချက်ပြီး သတ်မှတ်ပါမည်။

A

အာမခံ ဆိုသည်မှာ ဆုံးရှုံးမှုကို ငွေရေးကြေးရေးနည်းဖြင့် ကုစားရန် စနစ်တကျ စီစဉ်ဆောင်ရွက်ထားသော နည်းစနစ်တစ်ခုပင်ဖြစ်သည်။

A

အသက်အာမခံဆိုသည်မှာ လူ့အသက်အတွက်ထားရှိသော အာမခံစာချုပ်အရ အာမခံငွေထုတ်ပေးရန် တာဝန်ယူခြင်းဖြစ်သည်။

A

မိမိတို့၏နောင်ရေးစိတ်အေးစေရန်နှင့် မိသားစုဘဝ ပိုမိုလုံခြုံမှု ရှိစေရန် ရည်ရွယ်ထားသည့် ပြည်သူ ပြည်သားတိုင်း အသက်အာမခံထားရှိသင့်ပါသည်။

A

အာမခံထားသူ ကွယ်လွန်သွားသည့် အခါတွင် ကျန်ရှိသောမိသားစုအတွက် ငွေကြေးအထောက်အပံ့ရရှိစေရန်နှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း ၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့အတွက် ဆေးဝါးကုသစရိတ်ကိုထောက်ပံ့မှုရရှိစေသည်။

A

မိမိတို့၏ နောင်ရေးစိတ်အေးစေရန်နှင့် မိသားစုဘဝပိုမိုလုံခြုံစေရန် အသက်အာမခံကိုထားသင့်ပါသည်။

A