EFI ၏အကြောင်းအရာ


ရည်မှန်းချက်များ

EFI ၏ ရည်မှန်းချက်များ

EFI အနေဖြင့် နေ့စဉ်နှင့် အမျှ သင်တို့၏ ယုံကြည်မှုများနှင့် စိတ်အေးချမ်းသာမှုများ ပိုမို ရရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။ EFI ၏ ဝန်ထမ်းများအနေဖြင့်လည်း သင်တို့၏ အသက်နှင့်အိုးအိမ် ပစ္စည်း ဥစ္စာများသာမက စီးပွားရေးလုပ်ငန်းများပါ အနာဂတ်တွင် လုံခြုံစိတ်ချနိုင်ရန် ကောင်းမွန် သော ဆက်ဆံရေးများ ကျင့်သုံး၍ ပြည်သူ ပြည်သားများကို အာမခံ အကာအကွယ်များ ပြုလုပ်ပေးလျက်ရှိပါသည်။ သင်တို့ အပေါ်ထားရှိသော အစွမ်းကုန် ရိုးသားမှုများနှင့် ကတိပေးမှု ဟူသမျှသည် EFI ၏ တန်ဖိုး ဂုဏ်ပုဒ်ဖြစ်ပါသည်။

အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ချက်များ ၊ ဝန်ဆောင်မှုများ ၊ ပြည်သူလူထုအပေါ် နွေးထွေးပျူဌာသော ဆက်ဆံမှုများသည် EFI ၏ရည်မှန်းချက် စံသတ်မှတ်ချက် များ ဖြစ်ပါသည်။

တန်ဖိုးထားရှိမှု

EFI အနေဖြင့် သင်တို့နှင့်အတူ လုပ်ငန်းများ လုပ်ဆောင်ရာ၌ တိကျမှန်ကန်သော ဝန်ဆောင်မှုများပေးခြင်း၊ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ပေးလျက် ရှိပါသည်။

EFI နှင့် လက်တွဲ လုပ်ကိုင်မည့် မည်သူကိုမဆို လုပ်ဖော်ကိုင်ဖက်များဟု လည်းကောင်း ၊ EFI ၏ မိသားစု တစ်စိတ်တစ်ပိုင်း အဖြစ် ဟုလည်းကောင်း သတ်မှတ်ပြီး အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။

EFI ဝန်ထမ်းများအနေဖြင့် ‘ယုံကြည်မှု’ ရှိသော အကောင်းဆုံး ဆောင်ရွက်ချက်များ အပေါ် မူတည်၍ ‘စည်းလုံးမှု’ဟူသော ဂုဏ်ပုဒ်ထားရှိမှု၊ ‘ရိုးသားမှု’ ၊ ‘သစ္စာရှိမှုများ’ နှင့် ‘တိကျ မှန်ကန်မှု’ များကို အခြေပြု၍ ပြည်သူလူထုနှင့် အနာဂတ်ကာလအတွက် အာမခံအကာအကွယ် ပေးသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။


  • ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့ တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ထံမှ EXCELLENT FORTUNE INSURANCE CO., LTD. အမည်ကုမ္ပဏီနာမည်ကို အသုံးပြုရန် အလို့ငှာ ခွင့်ပြုချက်ပေးရှိခဲ့သည်။


  • (၆.၁၀.၂၀၁၃) ခုနှစ်တွင် EXCELLENT FORTUNE INSURANCE CO., LTD. အနေဖြင့် အသက်အာမခံလုပ်ငန်း လုပ်ကိုင်ရန် IBRB မှ လိုင်စင် (011) ကို ရရှိခဲ့သည်။


  • (၅.၁၂.၂၀၁၈) ခုနှစ်တွင် EXCELLENT FORTUNE INSURANCE CO., LTD. မှ GENERAL INSURANCE လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုချက် ရရှိခဲ့သည်။


  • (၁.၄.၂၀၁၉) ခုနှစ်တွင် IBRB မှ EXCELLENT FORTUNE GENERAL INSURANCE အား လိုင်စင် အမှတ်(007) အဖြစ်လည်းကောင်း ၊ EXCELLENT FORTUNE LIFE INSURANCE CO.,LTD အား လိုင်စင် အမှတ် (011) အဖြစ်လည်းကောင်း သတ်မှတ်ပေးခဲ့သည်။